နားအလှဆင်ခြင်း
တရုတ်တို့၏ရာဇဝင် မှတ်တမ်းများအရ နားပေါက် လူမျိုးစုသည် ယူနန်အနောက်ဖက် ပိုင်းဒေသတွင် AD-၅ ရာစု ကတည်းက နေထိုင်ခဲ့ကြကြောင်း ဖေါ်ပြထား သည်။ ယခုရခိုင်ရိုးမ တောင်တန်း များတွင် နေထိုင် လျှက် ရှိသော ကုန်းတူ (နားပေါက်ကျယ်-တစ်ပါးသူတို့က ပေးသောအမည်) တို့နှင့် စကားခြင်းအလွန် နီးစပ် သည် ဟုဆို ပါသည်။ အရှိုချင်း (ကုန်းတူ)တို့ အကြားတွင် နားပေါက် ကျယ်ကျယ် ထားရှိသော ယဉ်ကျေးမှု ဓလေ့ သည် သူတို့အကြား အလွန်ပင်ခောတ်စားသည်။
သက်အမျိုးသမီးများ တွင်လည်း ငွေနားကွင်းကြီးများ ဆင်မြန်းခြင်းသည် ထူးခြားသော ဓလေ့တစ်ခု ဖြစ် သကဲ့ သို့ ထိုငွေနားကွင်းကြီး များကြောင့် အဝေးကပင် သက်အမျိုး သမီးများ ဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အ တူ ရခိုင်ရိုးမ တောင်တန်းပေါ်နေ ကုန်းတူအရှိုချင်း အမျိုးသမီးများ၌လည်း တွေ့နိုင်ပေသည်။
ကုန်းတူအရှိုအမျိုးသမီးများ အနေဖြင့် နားပေါက် အလှဆင်ခြင်းကို မွေးကင်းစ အရွယ်မှစ၍ နားဖေါက် ကြသည်။ အစပိုင်းတွင် နားကိုနှီးစ၊ ဝါးစတို့ဖြစ်လည်းကောင်း အသား သေအောင် မဲချဉ်ကြိုး သွင်း၍ ထား တတ်ကြသည်။ အသက်အပိုင်းအခြား အလိုက် ဝါးဆစ်ပိုင်းများကို တစ်ကြိမ်ပြီး တစ်ကြိမ် ကြီးသည် ထက် ကြီး အောင် တတ်ဆင်ကြရာ အပျိုဖြန်း အရွယ်တွင် နားကွင်း၏ အချင်းမှာ-
တစ်လက်မခွဲမှ နှစ်လက်မခွဲအထိပိုင် ဆိုင်လာကြသည်။ ထိုအချိန်တွင် ငွေသားဖြင့် ပြုလုပ်ထားသော မှန်နား ထောင်း ကြီးများကို ပန်ဆင်ပြီး ထိုအလှကို အလွန်နှစ် သက်ခုံမင် ကြကြောင်း နားလည် ရသည်။ နားအလှ ဆင် ခြင်း ကို အရှိုချင်း လူမျိုး များတွင် သာမက အခြား သောတောင် တန်းဒေ သနေတိုင်းရင်း သား အမျိုး သမီး များ၌ လည်းတွေ့နိုင်ပေသည်။

ပါးရဲနှင့်ငွေနားတောင်းအလှဆင်ထားခြင်း


ပါးရဲနှင့်ငွေနားတောင်းအလှဆင်ထားခြင်း

ပါးရဲအလှ

ပါးရဲနှင့်ဝါးနားထောင်းအလှ

ပါးရဲထိုးထားသောအလှ

ရိုးရာကျောပိုးခြင်းတောင်း

အမျိုးသမီးများဝတ်စားပုံနှင့်ငွေလည်ဆွဲ

ကျား/မဝတ်သင်တိုင်း
ရှေးက အရှိုချင်း လူမျိုးတို့သည် သင်တိုင်း ရှည်များကိုသာ ကိုယ်တိုင် ရက်လုပ် ဝတ်ဆင်ကြသည်။ ထိုသို့ ရက်လုပ် ရာတွင် အများ အားဖြင့် ကြက်သွေး နီရောင်နှင့် အနက်ရောင် တို့ကို အဓိက ထား ထည့် သွင်းကြ သည်။ အခြား အရောင်များ ဖြစ်သော အပြာ၊ အဝါနှင့် အစိမ်း တို့ကိုလည်း သီးခြား လိုင်းများ ဖေါ်ရာ၌သာ အသုံးပြု ကြသည်။ သက်ကြီးများ၏ စကားအရ အရှိုချင်း တို့၏ သင်တိုင်း သည် လည်ပင်းမှ ခြေသ လုံး တိုင်အောင် ရှည်လျား သည်ဟု ဆိုသည်။ 
ခေတ်ကာလ ပြောင်းလဲလာ သည်နှင့် အမျှ သင်တိုင်း တိုနှင့် ပုဆိုး၊ ထမီ၊ ဘောင်း ဘီရှည် စသည်ဖြင့် ဝတ်ဆင်လာ ကြခြင်း ဖြစ်သည်။ ရှေးအခါက သင်တိုင်း များ ကို ရက်လုပ် ရာ၌ ဘိုင်းငင်၊ ချည်ငင်၊ ဆေး ဆိုးပြီး  “ဂျပ်ခုပ်” (သင်တိုင်း များ၊ စောင်များ၊ လွယ် အိတ်များ၊ အစရှိသည် တို့အား ခါးတွင် ပတ်ပြီး ရက်လုပ် သော လက်ရက်ကန်း) များ အား ဖြင့် ရက်ပေါင်း များစွာ အချိန် ပေးပြီး ရက်လုပ် သောကြောင့် နှစ်ရာ ချီ၍ ခိုင်ခန့်လှ ပါသည်။


ဒီဇိုင်း-၁

ဒီဇိုင်း-၂

ဒီဇိုင်း-၃

ဒီဇိုင်း-၄

ဒီဇိုင်း-၅

ဒီဇိုင်း-၆

ဒီဇိုင်း-၇

ဒီဇိုင်း-၈

ဒီဇိုင်း-၉

ဒီဇိုင်း-၁၀

ဒီဇိုင်း-၁၁

0 Comments